(၁)
“ဟလို.. FBI ကလားခင်ဗျား”
“ဟုတ်ကဲ့.. အမိန့်ရှိပါ”
“တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ”
“လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်”
နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။
ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့် ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။
တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ ထွက်ခွာသွားခဲ့ကြတယ်။
တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။
“ဟေး… တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား”
“ခွဲပြီးပြီ”
“ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ”
(၂)
သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက
“မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ” မေးလိုက်တယ်။
အကျဉ်းသား ပြန်ဖြေလိုက်တာက
“ကျည်ကာအင်္ကျီဝတ်ချင်တယ်” ဟူတည်း။
(၃)
ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
“လိပ်ခေါင်းရှိသလား!”
ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက “ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ” ဟူတည်း။
(၄)
လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။
သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။
ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။
နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။
သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။
နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး
ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။
သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။
သတင်းစာပေါ် ရေးထားတာက…
“ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်”
(၅)
(မီးသတ်ရဲဘော်) ဘယ်မှာမီးလောင်တာလဲ?
(အကြောင်းကြားသူ) ကျွန်တော့်အိမ်မှာပါ
(မီးသတ်ရဲဘော်) ဘယ်နေရာမှာလဲလို့ မေးတာ?
(အကြောင်းကြားသူ) မီးဖိုဆောင်မှာပါ
(မီးသတ်ရဲဘော်) အဲဒီနေရာကို ဘယ်လိုလာရမလဲလို့ မေးတာ?
(အကြောင်းကြားသူ) ဟာ… ခင်ဗျားတို့ဆီမှာ မီးသတ်ကားရှိနေတာပဲ….
ပေးပို.ပေးတဲ့ အလင်းစေတမန် ကို ကျေးဇူးတင်ပါတယ်…