Archive for the ‘မိသားစု ကဗျာ...များ’ Category

မိသားစု

Wednesday, July 14th, 2010

မြင်ရတဲ့မီးက မပူပဲ

မမြင်ရတဲ့မီးက ပြာအတိကျနေတယ်

ဝတ္ထုနာမည်က City of Joy

အ င်္ကျီထဲကနံရိုးတွေ ရုန်းကန်ထွက်နေကြ

ငါတို.နဲ.သွားကြ ငါတို.နဲ.လာကြ

မြို.တွေဟာ ငါတို.နဲ. အစာချက်ကြတယ်

ငါတို.လှမ်းမမြင်ရတဲ့ စစ်ပွဲတွေဆီက

နေရောင်ထဲ ကူခတ်နေတဲ့ငါးတွေ

တစ်ခုပဲ ငါတို.မှာ

အပျော်တမ်းတိုက်ခတ်နေတဲ့လေများ၊ရှိနေသေး

တစ်ခုပဲ ငါတို.မှာ

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လမ်းကလေများ၊ရှိနေသေး

တစ်ခုပဲ ငါတို.မှာ

ဘိုးစဉ်ဘောင်ဆက်စွဲလမ်းခဲ့တဲ့ အိမ်အိုကလေး၊ရှိနေသေး

ကျေးဇူးတင်ပါရဲ.

ဖယောင်းတိုင် မီးအလင်းအောက်

ငါ့ထမင်းလုတ် လုစားပျော်ပါးနေတဲ့သမီး

ငါ့ပခုံးပေါ် ခွစီး

ငါ့ကို မြင်းလုပ်ပျော်ပါးနေတဲ့သား ရှိနေသေး

ကျေးဇူးတင်ပါရဲ.

မိန်းမရဲ.

ညမှာ မင်းက ပုံပြင်တွေလှန်းလို.

ဘုရားမှာ ဆီမီးတွေဆမ်းလို.

ငါ့အိမ်အပြန်လမ်းကို မင်းမျက်လုံးများနဲ. ထွန်းညှိလို.

ငါက

ကျိုးပဲ့သွားတဲ့ အတောင်ပံတစ်စုံကို

ကျောက်ဆောင်အောက်ဝှက်လို.

မသေမရှင်ဖြစ်နေတဲ့ နေ.တစ်နေ.ကို ထမ်းလို.

ညစဉ်ညတိုင်း

ချည်တိုင်ဆီ အမိအရပြန်လို.၊ လျှို.၀ှက်စွာ

ကိုယ့်အသက်ကိုယ်မွေး၊ လျှို.၀ှက်စွာ

ကမ္ဘာကြီးရဲ. သွားကြိုသွားကြားမှာ

ငါတို.ရအောင်ပျော်ခဲ့ကြ။            ။

ခရမ်းပြာထက်လူ

(ပြာအတိကျနေတဲ့အထဲ…ရအောင်ပျော်ခဲ့ကြ…) …မိသားစုတဲ့

ကျွန်တော်တို.လည်း ရအောင် ပျော်ခဲ့ရမယ်..ပျော်နေရမယ်…ပျော်ရအုံးမယ်….ဗျာ..

ကျေးဖူးတင်ပါတယ်..ဆရာခရမ်းပြာထက်လူ..ရေ

မိသားစု

Saturday, July 10th, 2010

ယိုင်ယိုင်နဲ.နဲ.ခိုင်မာ

ပေါက်ပေါက်ပြဲပြဲ လုံခြုံ

စုတ်စုတ်ပြတ်ပြတ် ခမ်းနား။

အဖေက ခေါင်တိုင်

အမေက လက်ခံတိုင်

မောင်နှမတွေက ထုပ်တန်း

မိုးကြိုးကို ထန်းလက်နဲ. ကာနိုင်ခဲ့ကြ။

ခုလို ဖူးငုံရာက သီးပွင့်လာတဲ့ နေ.တွေထဲ

ကွယ်လွန်သွားတဲ့ အိမ်ကလေး

ထုပ်တန်းပေါ် ပြေးနေမယ့် ကြွက်ကလေးတွေ

ထရံပေါက်က ဖောက်ထွက်နေမယ့် မီးရောင်တွေ

ဘူးသီးပေါင်းကြော်လို

ဆောင်းကို ရယ်ပွဲဖွဲ.ခွန်အားတွေနဲ.

ဟောင်းမြည့်ပြီး ချစ်စရာကောင်းတဲ့ အိမ်ကလေးကို

ခုအခါ

ကျွန်တော်တို. ဆာလောင်တတ်လာတယ်။

ဝိုင်ချို

ကဗျာဆရာ ၀ိုင်ချို ရဲ. မိသားစု ကဗျာလေးပါ…ဖတ်ကြည့်စေချင်ပါတယ်….

မိသားစု

Thursday, May 27th, 2010

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင်

ကျွန်တော်တို. လည်း မ၀င်တဲ့ဂိုးတွေ အခုထိ ကန်သွင်းနေမိတုန်းပါပဲဗျာ…
ဆရာစိုင်းဝင်းမြင့် ရဲ. ကဗျာလေးပါ..ကြိုက်နှစ်သက်ကြမယ်လို.ထင်ပါတယ်…