Archive for the ‘အမှတ်တရ တသသ ကဗျာများ....’ Category

ထူးအိမ်သင် အမှတ်တရ…

Friday, August 13th, 2010

အသက်သည် အိမ်မက်
အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်းပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

သက်တံ
ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊

ချောင်းကြည့်ပေါက်များ

သူ့အလို…
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
“စကားလုံးများ” ဟာ “အတု” ဖြစ်ပြီး
“စိတ်” သည် “အစစ်အမှန်” ဖြစ်တယ်…တဲ့။

(၂)
“ခြေထောက်တွေ” ဟာ “လမ်း” ဖြစ်ပြီး
“ငါ” သည် “ခရီးဆုံး” ဖြစ်တယ်…တဲ့။

(၃)
ဆိုတော့ကာ…
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ… တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်…တဲ့
အင်း
ပျင်းတယ်….ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ…

…….။
# ၁၄.၈.၂၀၁၀ မှာ ( ၆ နှစ်ပြည့် ) ထူးအိမ်သင်ကို အမှတ်ရတဲ့အတွက်

……………..သူ.ရေးခဲ့တဲ့ ကဗျာလေးတင်ပေးထားတာပါ……#

စိန်ခြယ်ပန်းများဖြင့်

Saturday, July 17th, 2010

၁၉၄၇

အတွင်းဝန်များရုံးထဲက

သူရဲဘောကြောင်လှတဲ့

တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ

သူ အသက်ပျောက်ခဲ့ရပြီ။

ရန်သူရဲ.အဖမ်းကို ဘယ်တော့မှမခံဘူးဆိုတဲ့

သူ.ရဲ.နည်းဗျူဟာ

အနုနည်းနဲ.မရရင်

အကြမ်းနည်းနဲ.ချမယ်ဆိုတဲ့

သူ.ရဲ.မဟာဗျူဟာ

နယ်ချဲ.တိုက်ပွဲ

ဖက်ဆစ်တိုက်ပွဲ

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ

တိုက်ပွဲစဉ်တစ်လျှောက်

ရဲဝံ့ပြောင်မြောက်စွာ ဖြတ်သန်းလာတဲ့သူဟာ

ပန်းတိုင်ရောက်ခါနီးမှ

ခွေးထက်မိုက်တဲ့ တိရစ္ဆာန်တွေလက်ချက်နဲ.

အသက်စွန်.ခဲ့ရပေပြီ။

အသက်ငယ်ငယ်နဲ.

သူကျဆုံးခဲ့ရတာ

တိုင်းပြည်အတွက်

ကံမကောင်းအကြောင်းမလှမှုတစ်ခုပေပဲလား။

မြင့်မြတ်တဲ့ `ဗိုလ်အောင်ဆန်း´ရယ်

ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ

သင့်အမည်နာမဟာ

အမြဲစီးဆင်းနေရစ်မယ့်`ဧရာဝတီ´ဖြစ်ပါတယ်။

သင့်အမည်နာမဟာ

အမိမြေဆီလွှာကတောင်

သရဖူဆောင်းပေးထားရတဲ့

`ရိုးမ´လည်း ဖြစ်ပါတယ်

သင့်ရဲ.

ကြီးမြတ်တဲ့ ၀ိညာဉ်ဟာ

`ဧရာဝတီ´လို အမြဲထာဝရ စီးဆင်းပြီး

`ရိုးမ´လို အမြဲထာဝရ ရပ်တည်နေမှာပဲ ဖြစ်ပါတယ်။

`ဂန္ဓီကြီး´

`အန်ကယ်ဟို´

`ဒေါက်တာရီဇော်´

`မော်´

အာရှတိုက်ရဲ. အကျော်အမော်များနည်းတူ

ကျွန်တော်တို.တိုင်းပြည်ရဲ. အမှောင်တွင်းထဲက

`အောင်းဆန်း´ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို.

ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။

ငါ့တိုင်းပြည်ကိုပြန်ပေး

ငါ့သယံဇာတကိုပြန်ပေး

ငါ့လေထုကိုပြန်ပေး

ငါ့ကလေးတွေကိုပြန်ပေး

ငါ့အိပ်မက်တွေကိုပြန်ပေး

သူ.ရဲ. ကြွေးကြော်သံဟာ

ယူနီယံဂျက်အလံကိုဖောက်ထွင်း

နေ၀န်းနီအလံကို ဆွဲဖြဲပြီး

နွေဦးကွင်းပြင်ထဲက ထွက်လာရဲ.။

၁၉ ဇူလိုင်တဲ့

အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။

ဆောင်းမနက်ခင်းစောစောမှာ

ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်

သင့်အမည်နာမအား

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

မကြောက်တရားရဲ. သင်္ကေတ

သင့်အမည်နာမအား

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

အများသူငါ ကောင်းစားရေးအတွက်

ကိုယ်ကျိုးမငဲ့ကွက်ခဲ့သော

သင့်အမည်နာမအား

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လူသားဟုခေါ်ဆိုရန်ပင်မထိုက်တန်

သင့်ရဲ.ကောင်မြတ်မှုပြည့်လျှံနေသော

အမည်နာမအတွက်

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

အမိနိုင်ငံတော်ရဲ.

သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော

သင့်အမည်နာမအား

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လင်းယုန်ငှက်တွေဝဲနေတဲ့

ဟောသည်ဆောင်းလမ်းမှာ

`ဗိုလ်အောင်းဆန်း´တဲ့

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ.။          ။

မိုဃ်းဇော်

၁၉.၇.၂၀၁၀ မှာ ကျရောက်မဲ့ ( ၆၃ ) နှစ်ပြည့် အာဇာနည်နေ. ကို ကဗျာဆရာမိုဃ်းဇော်နဲ. အတူ

ကျွန်တော်တို. အားလုံး စိန်ခြယ်ပန်းများဖြင့် ပူဇော်လိုက်ကြပါစို. ။