Archive for July, 2010

ကြယ်ကြွေလင်္ကာ

Thursday, July 29th, 2010

ထိုသောညမှာ

နှင်းပြာအုပ်မိုး

အိပ်မက်ခိုးမျှင်

သခင်ဖြစ်၏……..။

ကြယ်စက်ညတွေ

ပန်ရင်းကြွေသက်

မျက်ရည်ဝိုးဝင်း

အိပ်မက်လင်းပြာ

ငါနမ်းမွှေးရှိုက်

ရင်ကိုခိုက်၏……..။

ငါ…. ချစ်မိသည်….

ငါ…. ချစ်မိသည်….

ယုံကြည်ကြေကွဲ

ခိုတွဲကိုင်းညွတ်

ပွင့်ဦးဆွတ်ပျံ့

စံပယ်နံ့အေး

အဝေးစကား

နှုတ်ဖျားထုံကျင်

သခင်….သိပါ……..။

ထိုသို့ဖြင့်

ငါနှင့်ကြယ်တို့

ညမြို့ ရိုးထက်

သွေးပျက်သီချင်း

ဆိုညှင်းဖွဲ့ဝေ

ကြွေခဲ့ကြသည်……..။

သြော်……ထိုသို့ဖြင့်

ငါနှင့်သခင်

ရာဇ၀င်ပန်း

လွမ်းမှိုင်းဝေရီ

ရွှေလက်ဖ၀ါး

ပါးပြင်ထိအပ်

ခုံမင်တတ်လည်း

တေးမှတ်မိရုံ

ဝတ်မှုံမြေ့ဆွေး

….ဝေးသွားခဲ့လျှင်….

….ဝေးသွားခဲ့လျှင်….

ဆရာတာရာမင်းဝေ ရဲ့ကဗျာလေးပါ

ဆောင်းများ

Wednesday, July 28th, 2010

ပြတင်းပေါက်တွေထဲ
နှင်းတွေဝင်သွားကြ
ဘယ်တော့မှ ပြန်ထွက်မလာတော့။

ကျွန်တော်ဟာ
အရွက်နဲ့ အကိုင်းတို့ရဲ့
မမြဲခြင်းတရားမှာ
ကောင်းကင်ကို ကိုယ်စားပြုခုန်ချလာတဲ့
မိုးဖွဲဖွဲနေ့လေးတစ်နေ့မျှ

ရာသီအတိုင်း
နှင်းတွေနဲ့မှောင်နေတော့
ကောင်းကင်လည်း မမြင်ရ
ကျွန်တော့်ပြတင်းပေါက်မှာလည်း
ကျွန်တော့်ကို မမြင်ရ
ကျွန်တော် အမှားမပြောတတ်စ
အရွယ်လေးတည်းကပေါ့ ..။                  ။

ဝင်းမြင့်

ကဗျာဆရာဝင်းမြင့်ရဲ. ကဗျာလေးပါ…

“ နှင်းတွေနဲ.မှောင်နေတော့ ….´´တဲ့

ကျွန်တော်လည်း မြင်ချင်ပါတယ်…အရမ်းကို …မြင်ချင်ပါတယ်။ခုထိတော့…………………….

ကျွန်တော်နဲ့  အိပ်မက်လေး

Wednesday, July 28th, 2010

ရင်ခုန်သံ ချိုမြိန်စမှာ

အနက်ရောင် ရထားတစ်စီးဟာ

ဥသြမဆွဲ ဘာမဆွဲ ခုတ်မောင်းသွားတယ်…

ကိုယ်တို့ နှစ်ယောက်ရဲ့  ကြားမှာ

မှတ်မှတ်ရရ မရှိပေမယ့်

အမှတ်တရတော့ ဖြစ်ခဲ့တယ်

မင်းစကားသံကြားရင်

ကိုယ့်ဘ၀ဟာ

အတော်အသင့် ပြည့်စုံသွားတယ်

မဖိတ်ခေါ်ပဲ ၀င်ရောက်လာတဲ့ စိတ်က

`အချစ်´ ဖြစ်တယ်…

အခုတော့

အနာမကျက်နိုင်တဲ့ ဒဏ်ရာတွေ

တဖြေးဖြေးများလာခဲ့ပြီ

အရှိုးရာတွေပြည့်နှက်နေတဲ့

နှလုံးသားမှာ

မင်းပုံရိပ်တွေ အားနည်းနေခဲ့ပြီ

မင်းလျှောက်လာမယ့်လမ်းကို မျှော်ရတာ မောပြီ

မင်းအသံလေးတွေ မကြားရတာလည်း ကြာပြီ

မင်းအမြန်လာခဲ့ပါ

မင်းပြန်လာမဲ့နေ့ 

မင်းရောက်လာမဲ့ အချိန်

ငါ့ကို အိပ်မက်ပေးပါ

အခု… ငါအိပ်မောကျနေပြီ…။ ။

ဒီမွန်း

မူလဘူတ

Wednesday, July 28th, 2010

နုမယ်၊ရင့်မယ်၊စွန်.စားမယ်

ညံ့တဲ့တစ်နေ. သေမယ်

လူ.ဘ၀ဆိုတာ

ပိတ်ကားက ငေးယူရပေရဲ.

ရုပ်ရှင်။

ဝိုင်ချို

ကဗျာဆရာဝိုင်ချိုရဲ. ကဗျာတစ်ပုဒ်ပါ….တိုပေမယ့် ထိမိတဲ့ ကဗျာပါ…..

မေမေနဲ. ကျွန်တော် အမှတ် (၁၃)

Sunday, July 25th, 2010

( နှင်း+မြောက်ပြန်လေ )ကို အကုန်လုံး ယူခဲ့ပြီးမှ…

ဆောင်းတစ်ခုတည်း-လွတ်   …/ကျ    ကျန်ခဲ့တယ်…

ကျွန်တော်ဟာ တဖွဲဖွဲလွင့်   …/၀ပ်    သေဆုံးသွား…

အရင်က ကောင်းခဲ့တယ်ဆိုရင်တောင်မှ

အရင်လို မကောင်းတော့တဲ့ ကဗျာပါ မေမေရယ်…

အဲဒီလို ကျွဲချိုမှုတ်သံ တစ်ခြမ်းနဲ.ပဲ

… … … … … … … လွမ်းမြရီဝေခဲ့ရ…။

( ကိုယ့်ကျောင်းကလေးကို )

သုညမပေါ်မီခေတ်မှာ

ဘာဖြစ်လို. ကျွန်တော်ကို မမွေးခဲ့တာလဲဟင်…

အီဂျစ်ကျောက်စာတစ်ကြောင်းလို ဟောင်းသွေ.အိုနွမ်း

ကျွန်တော်က တိတ်တိတ်ကလေး

” ကိုး ” ဂဏန်း ဖြစ်ချင်သူ…။

မေမေရေ…

အမှားတွေကို တဖျောဖျော ထပ်မပြောချင်ဘူး

သံသရာ အဆက်ဆက်က ချစ်သူတွေကိုလည်း

ခုချိန်မှာ အရိုးလိုက်မကောက်တော့ဘူး…

ထားလိုက်ပါတော့…

( ကျွန်တော်တို.ဟာ ရွာပြီးသား မိုးတိမ်တွေပေါ့ )

လောကဓံဟာ …လူသားတိုင်း ပန်ရတဲ့ ပန်းလို. ဆိုပါစို.

ကဲ… လက်ရှောင်

ကျွန်တော်ရယ်…မေမေရယ်…

… … … … … သူ. ရနံ.ကို ဖွင့်လိုက်ကြရအောင်…။             ။

တာရာမင်းဝေ

ဆရာ တာရာမင်းဝေ ရဲ. ကဗျာကောင်း/ရှားပါးတဲ့ ကဗျာ တစ်ပုဒ်ပါ….

ခံစာလို.ရကြမှာပါ…..

ဆက်ထုံး

Sunday, July 25th, 2010

” အဝေးကြီး ဝေးရစေမယ်…” တဲ့

ပင်လယ်က

သူ.တစ်ကိုယ်လုံးကို ဖွင့်ပြီးပြေးတယ်။

မီးပြတိုက်က…

ကဆုန်ပေါက်ပြီး ပြေးမလိုက်ပါဘူး။

သူ.ရဲ. အလင်းလဲ့မှုန်နဲ.

ပင်လယ်သားပေါက်ကလေးရဲ. ဖွင့်ပွဲကို

… … … … … … ပြည့်စုံ စေလိုက်တယ် ။       ။

တာရာမင်းဝေ

ကဗျာလေးက တိုပေမဲ့  ထိမိတယ်နော်……….

သွေးနွေးသတ္တ၀ါတစ်ကောင်အကြောင်း

Sunday, July 25th, 2010

( ငါ့ရဲ.ဘ၀ကို လခြမ်းလို သူတို.ဆွဲကွေးကြတယ် )

ငါ့ဆီ…ငါ…

ပြန်ရောက်ပါတော့မလား

မြေပုံကြမ်းကြည့်ပြီး

လှမ်းလျှောက်ရတာမောလှပြီ။

ငါကိုယုံပါ

ငါဟာ…

လမ်းကူးရင်တောင်

မျဉ်းကြားက ဖြတ်ကူးတတ်တဲ့

ခွေးလေခွေးလွင့် တစ်ကောင်ပါ

ငါ…မပစ်ခတ်ခဲ့ပါဘူး

…လေးကြိုးဆွဲရင်း

လက်ထဲက လွတ်ထွက်သွားတာပါ

ငါ့ကို …ယုံပါ

လူတွေဆီက မတောင်းခဲ့ပါဘူး

ဘုရားက မပေးဘူးဆိုရင်တောင်

ဘုရားဆီကပဲ တောင်းခဲ့သူပါ

ငါ့ကို …ယုံပါ

( ဖိနပ်စီးမထားတဲ့ ကလေးငယ်လိုပဲ

ဘယ်သူကမှ

အိမ်ထဲဝင်ဖို. ငါ့ကို မဖိတ်ချင်ကြဘူး )

လက်တစ်ဖက်နဲ.

ခေါ်လို.မရတဲ့ ကောင်းကင်

လက်နှစ်ဖက်နဲ. လှမ်းခေါ်လည်း

အရာမထင်ဘူး။

ငါ…တတ်တဲ့ မြေကြီးစကားနဲ.

ကောင်းကင်ကြီးနားလည်းအောင်

ပြောမပြနိုင်ခဲ့ဘူးကွယ်…။                  ။

တာရာမင်းဝေ

( ဆရာတာရာမင်းဝေရဲ. ကဗျာတစ်ပုဒ်ပါ…ဘယ်ထဲက ကူးထားမိမှန်း မသိတော့ပါဘူး…ကြိုက်နှစ်သက်ကြမှာပါ )

……………..ကျွန်တော်တို. ဘ၀တွေရော အဲဒီလိုပဲလား ?

မပစ်ခတ်ပဲ လက်ထဲက လွတ်ထွက်သွားခဲ့ပြီးပြီ…

….လက်နှစ်ဖက်နဲ. လှမ်းခေါ်လည်း …အခုထိ မရရှိသေးဘူး…..ဗျာ

ငြိမ်သက်စာရပ်နေခြင်း

Thursday, July 22nd, 2010

အခန်းနဲ.နေရမယ်

အခန်းနဲ. မိတ်ဖွဲ.ရမယ်။

မိုးရွာနေတာ

တစိမ့်စိမ့်ကြည့်မယ်ဆိုလည်း

အခန်းက ဖွင့်ပြလိမ့်မယ်။

နံရံတစ်ခုရှိရင်

အခန်းမှာ ချိတ်လို.ရမယ်

ဖျာတစ်ချပ်ဖြစ်ရင်

အခန်းမှာ ဖြန်.ခင်းလို.ရမယ်။

ခုတော့

ငါကလည်း အချိန်မှန်မှန်လွမ်း

အခန်းကလည်း သူ.သဘာဝအတိုင်းအထီးကျန်

တစ်ယောက်ယောက်လာခေါ်ရင်

အချိန်မရွေး ထလိုက်သွားနိုင်ဖို.

ငါတို.အလိုလို ပြင်ဆင်ထားမိ

စာရွက်လွတ်တွေ။          ။

မိုးဝေး

ကျွန်တော်တို.လည်း…ပြင်ဆင်ထားပြီးပြီလား ?

……………………လာခေါ်မဲ့ အချိန် အတွက်လေ…………..

စိန်ခြယ်ပန်းများဖြင့်

Saturday, July 17th, 2010

၁၉၄၇

အတွင်းဝန်များရုံးထဲက

သူရဲဘောကြောင်လှတဲ့

တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ

သူ အသက်ပျောက်ခဲ့ရပြီ။

ရန်သူရဲ.အဖမ်းကို ဘယ်တော့မှမခံဘူးဆိုတဲ့

သူ.ရဲ.နည်းဗျူဟာ

အနုနည်းနဲ.မရရင်

အကြမ်းနည်းနဲ.ချမယ်ဆိုတဲ့

သူ.ရဲ.မဟာဗျူဟာ

နယ်ချဲ.တိုက်ပွဲ

ဖက်ဆစ်တိုက်ပွဲ

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ

တိုက်ပွဲစဉ်တစ်လျှောက်

ရဲဝံ့ပြောင်မြောက်စွာ ဖြတ်သန်းလာတဲ့သူဟာ

ပန်းတိုင်ရောက်ခါနီးမှ

ခွေးထက်မိုက်တဲ့ တိရစ္ဆာန်တွေလက်ချက်နဲ.

အသက်စွန်.ခဲ့ရပေပြီ။

အသက်ငယ်ငယ်နဲ.

သူကျဆုံးခဲ့ရတာ

တိုင်းပြည်အတွက်

ကံမကောင်းအကြောင်းမလှမှုတစ်ခုပေပဲလား။

မြင့်မြတ်တဲ့ `ဗိုလ်အောင်ဆန်း´ရယ်

ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ

သင့်အမည်နာမဟာ

အမြဲစီးဆင်းနေရစ်မယ့်`ဧရာဝတီ´ဖြစ်ပါတယ်။

သင့်အမည်နာမဟာ

အမိမြေဆီလွှာကတောင်

သရဖူဆောင်းပေးထားရတဲ့

`ရိုးမ´လည်း ဖြစ်ပါတယ်

သင့်ရဲ.

ကြီးမြတ်တဲ့ ၀ိညာဉ်ဟာ

`ဧရာဝတီ´လို အမြဲထာဝရ စီးဆင်းပြီး

`ရိုးမ´လို အမြဲထာဝရ ရပ်တည်နေမှာပဲ ဖြစ်ပါတယ်။

`ဂန္ဓီကြီး´

`အန်ကယ်ဟို´

`ဒေါက်တာရီဇော်´

`မော်´

အာရှတိုက်ရဲ. အကျော်အမော်များနည်းတူ

ကျွန်တော်တို.တိုင်းပြည်ရဲ. အမှောင်တွင်းထဲက

`အောင်းဆန်း´ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို.

ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။

ငါ့တိုင်းပြည်ကိုပြန်ပေး

ငါ့သယံဇာတကိုပြန်ပေး

ငါ့လေထုကိုပြန်ပေး

ငါ့ကလေးတွေကိုပြန်ပေး

ငါ့အိပ်မက်တွေကိုပြန်ပေး

သူ.ရဲ. ကြွေးကြော်သံဟာ

ယူနီယံဂျက်အလံကိုဖောက်ထွင်း

နေ၀န်းနီအလံကို ဆွဲဖြဲပြီး

နွေဦးကွင်းပြင်ထဲက ထွက်လာရဲ.။

၁၉ ဇူလိုင်တဲ့

အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။

ဆောင်းမနက်ခင်းစောစောမှာ

ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်

သင့်အမည်နာမအား

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

မကြောက်တရားရဲ. သင်္ကေတ

သင့်အမည်နာမအား

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

အများသူငါ ကောင်းစားရေးအတွက်

ကိုယ်ကျိုးမငဲ့ကွက်ခဲ့သော

သင့်အမည်နာမအား

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လူသားဟုခေါ်ဆိုရန်ပင်မထိုက်တန်

သင့်ရဲ.ကောင်မြတ်မှုပြည့်လျှံနေသော

အမည်နာမအတွက်

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

အမိနိုင်ငံတော်ရဲ.

သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော

သင့်အမည်နာမအား

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။

လင်းယုန်ငှက်တွေဝဲနေတဲ့

ဟောသည်ဆောင်းလမ်းမှာ

`ဗိုလ်အောင်းဆန်း´တဲ့

စိန်ခြယ်ပန်းများဖြင့်

ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ.။          ။

မိုဃ်းဇော်

၁၉.၇.၂၀၁၀ မှာ ကျရောက်မဲ့ ( ၆၃ ) နှစ်ပြည့် အာဇာနည်နေ. ကို ကဗျာဆရာမိုဃ်းဇော်နဲ. အတူ

ကျွန်တော်တို. အားလုံး စိန်ခြယ်ပန်းများဖြင့် ပူဇော်လိုက်ကြပါစို. ။

ကျွန်တော် = အသည်းကွဲခြင်း

Thursday, July 15th, 2010

အခန်းလေးထဲမှာ

ကျွန်တော် တစ်ယောက်တည်း

လမ်းမထက်က မီးမှိန်မှိန်

မှောင်ရိပ်ကျတဲ. အခန်းလေးထဲ

တိတ်တဆိတ် ၀င်ရောက်လာခဲ့တယ်…

လွမ်းဆွတ်မှုတွေ အပြည့်

“မချစ်ဘူး” တဲ့

ဘာသာပြန်ဖို. မလိုအောင်

စကားလုံးဟာ ရှင်းတယ်

လေးမြှား အတတ်တွေမလို

နှုတ်ဖျားက ပစ်ခတ်ရုံနဲ.

အိပ်မက်တွေ သေဆုံးတယ်

ကောင်ကင်ပြင်မှာ

လမင်း တဖွဲဖွဲ ရွာချနေ

တစ်ကိုယ်လုံး ရွဲရွဲစိုသွားတယ်…

ထို.ကြောင့် ကျွန်တော် အသည်းကွဲနေသည် ။ ။
ဒီမွန်း