မင်းပေါ့…….
ဘယ်တုန်းကမှ မရင်းနှီးဖူးခဲ့တဲ့
အဖြူစစ်စစ်သိပ်သည်းခြင်းနဲ့
ငါ့ရင်ကိုထွင်းဖောက်ခဲ့တာ………..။
မင်းပေါ့…….
ငါ့မီးတောင်ကိုငြိမ်းပြီး
တစ်ကိုယ်တည်း
ပဋိပက္ခဖြစ် ကျင့်စဉ်တွေကို
ဆွဲယူလွှင့်ပစ်ခဲ့တာ……….။
မင်းပေါ့…….
ဆိတ်ငြိမ်နေတဲ့
ငါ့အချိန်တစ်ချို့အတွက်
မျက်တောင်ဖြားမှာ
အကြင်နာစကားတွေကို
ဖွဖွလေးဆိုခဲ့တာ……….။
မင်းပေါ့…….
ပုံမှန်အသက်ရှူနေတဲ့
သေလူတစ်ယောက်ကို
ပြန်လည်လူလားမြောက်စေခဲ့တာ……….။
မင်းပေါ့……
……………………….
………………………………………..။
ကြာတော့..ကြာခဲ့ပြီ….ခေါင်းစဉ် လည်း မမှတ်မိ…ကဗျာရေးသူလည်း မမှတ်မိတော့ဘူး..
ခေါင်းစဉ် က ကျွန်တော် တတ်သမျှ ပေးထားတာပါ….ဖတ်ကြည့်စေချင်ပါတယ်…
ကဗျာရေးသူနဲ. ခေါင်းစဉ် သိရင် ပြန်တင်ပေးပါ့မယ်….