Archive for July 9th, 2010

လွင်ပြင်

Friday, July 9th, 2010

ညှို့ ချက်က လှ လှလွန်းလှ
ကောင်းကင်က ငိုက်ကျလာပြီး နမ်းရ။
လေယာဉ်ပျံ၊ ငှက်၊ တိမ်တိုက်၊ လမင်း၊ သစ်ရွက်
ပက်လက်လှန်ကြည့်ရင်း
အပြည့်အ၀လွတ်လပ်ခြင်းနဲ့ တမြုံ့ မြုံ့ မြည်း
လေစိုင်တွေ ခရီးသွားကြရင်ဘတ်ပေါ်
မြက်နဲ့ သက်ရှိအချို့က
စော်ကားကြတာကိုပင် ရင်မနာတတ်သေး
နေရာဖဲ့ပေးတဲ့ ရိုးရိုးကြီးလေ။

စည်သူငြိမ်း

ကဗျာဆရာစည်သူငြိမ်းရဲ. ကဗျာလေးပါ…ခံစားလို.ရမယ်ထင်ပါတယ်…..

ကိုက်လမ်း

Friday, July 9th, 2010

ငါဟာ
ကမ္ဘာကြီးကို နားစွန့်ထားသူ ယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါအစာရှာထွက်တိုင်း
သစ်ပင်မြက်ပင်လေးတွေကို ကိုက်,ကိုက်ပြီး
ငါထွက်လာခဲ့မြဲ
ခု..
လူနဲ့ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ..။

မောင်ချောနွယ်

ဆရာမောင်ချောနွယ်ရဲ. ကဗျာတစ်ပုဒ်ပါ….တိုတိုလေးနဲ. ထိမိတဲ့ ကဗျာလေးပါ….