Archive for July 10th, 2010

တောအုပ်

Saturday, July 10th, 2010

ကိုယ်က မိုးရွာထားတဲ့ ညမို.

ထပ်ညို.ရမှာလည်း အားနာ

မျက်နှာပေါ်က အကြောစိမ်းလေးကိုလည်း မေ့မရ

နောက်ဆုံး ဆောင်းထားတဲ့ ထီးကိုပဲ ပိတ်ချလိုက်တယ်။

ဝိုင်ချို

ကဗျာဆရာ ၀ိုင်ချို ရဲ. နာမည်ကျော် ကဗျာတစ်ပုဒ်ပါ….ခံစားမိကြမှာပါ…

ထင်းခွေသူ

Saturday, July 10th, 2010

လူချင်းထိခိုက်သံ ကြားရမှမဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကိုကြားရတာလည်း
ဘ၀ပဲ…။
အဲဒီနေ့မှာမှ ငါကလည်း ထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းရမယ့်အစား
ပုဆိန်ကို ငါသတ်လိုက်တယ်။ ။

တာရာမင်းဝေ

ဆရာ တာရာမင်းဝေ ရဲ. ကဗျာတစ်ပုဒ်ပါ……ခံစားမှုတွေ ထပ်တူကျ ကြမှာပါ….

ဂီတ

Saturday, July 10th, 2010

လမ်းဘေးမှာ အေးအေးဆေးဆေး အိပ်နေတဲ့ခွေး

ရုတ်တရက်ကြီး ကားဖြတ်နင်းခံရ

ခြေထောက်နှစ်ချောင်းသွင်သွင်ကျိုး

နာလွန်းလို့ ခမျာမှာ

ဘယ်လိုအော်ရမှန်းမသိ

သူ့အသက်ရှူ ရေငင်ပုံးကလေး

ရေတွင်းနက်နက်ကြီးထဲ

ငင်ငင်နေတာ မြင်ရ။          ။

မောင်ချောနွယ်

ဆရာရဲ. ကဗျာလေး…ပါ….ခံစားကြည့်လိုက်ပါအုံး….

မိသားစု

Saturday, July 10th, 2010

ယိုင်ယိုင်နဲ.နဲ.ခိုင်မာ

ပေါက်ပေါက်ပြဲပြဲ လုံခြုံ

စုတ်စုတ်ပြတ်ပြတ် ခမ်းနား။

အဖေက ခေါင်တိုင်

အမေက လက်ခံတိုင်

မောင်နှမတွေက ထုပ်တန်း

မိုးကြိုးကို ထန်းလက်နဲ. ကာနိုင်ခဲ့ကြ။

ခုလို ဖူးငုံရာက သီးပွင့်လာတဲ့ နေ.တွေထဲ

ကွယ်လွန်သွားတဲ့ အိမ်ကလေး

ထုပ်တန်းပေါ် ပြေးနေမယ့် ကြွက်ကလေးတွေ

ထရံပေါက်က ဖောက်ထွက်နေမယ့် မီးရောင်တွေ

ဘူးသီးပေါင်းကြော်လို

ဆောင်းကို ရယ်ပွဲဖွဲ.ခွန်အားတွေနဲ.

ဟောင်းမြည့်ပြီး ချစ်စရာကောင်းတဲ့ အိမ်ကလေးကို

ခုအခါ

ကျွန်တော်တို. ဆာလောင်တတ်လာတယ်။

ဝိုင်ချို

ကဗျာဆရာ ၀ိုင်ချို ရဲ. မိသားစု ကဗျာလေးပါ…ဖတ်ကြည့်စေချင်ပါတယ်….