Archive for July 15th, 2010

ကျွန်တော် = အသည်းကွဲခြင်း

Thursday, July 15th, 2010

အခန်းလေးထဲမှာ

ကျွန်တော် တစ်ယောက်တည်း

လမ်းမထက်က မီးမှိန်မှိန်

မှောင်ရိပ်ကျတဲ. အခန်းလေးထဲ

တိတ်တဆိတ် ၀င်ရောက်လာခဲ့တယ်…

လွမ်းဆွတ်မှုတွေ အပြည့်

“မချစ်ဘူး” တဲ့

ဘာသာပြန်ဖို. မလိုအောင်

စကားလုံးဟာ ရှင်းတယ်

လေးမြှား အတတ်တွေမလို

နှုတ်ဖျားက ပစ်ခတ်ရုံနဲ.

အိပ်မက်တွေ သေဆုံးတယ်

ကောင်ကင်ပြင်မှာ

လမင်း တဖွဲဖွဲ ရွာချနေ

တစ်ကိုယ်လုံး ရွဲရွဲစိုသွားတယ်…

ထို.ကြောင့် ကျွန်တော် အသည်းကွဲနေသည် ။ ။
ဒီမွန်း

သစ္စာနီ(သို့)လွတ်လပ်သောမနက်ဖြန်များအတွက်ကဗျာရေးသူ

Thursday, July 15th, 2010
ဝရံတာ သေးသေးတစ်ခုပေါ်မှာ
ခန္ဓာကိုယ်နဲ့ မလိုက်အောင်
ရင့်ကျက်မှု ကြီးမားသူတစ်ယောက်၊
သူဟာ
တန်ဖိုးတွေကို သရော်နေရဲ.။
ရုပ်ရှင်အကြောင်း ပြောမယ်
ပန်းချီ နည်းနည်းပါးပါး ရေးမယ်
စစ်တုရင် ကစားမယ်
နေကို ဖုန်းဆက်မယ်။
နွေတွေ၊ ဆောင်းတွေ
ညတွေ၊ နေ့တွေ
သီချင်းတွေ၊ ကဗျာတွေ
ခင်မေအောင်ကို  ချစ်တာတွေ
စက္ကူပေါ်မှာ သစ်ပင်စိုက်တာတွေ
အများကြီးပဲ. . .
အိမ်ထောင် မရှိဘူး
ဆရာ မရှိဘူး
ဘဏ်မှာ ငွေစာရင်း မရှိဘူး။
ပြီးတော့. . .
နိုင်ငံရေး သုခမိန်ဖြစ်ချင်သူ
ယဉ်ကျေးမှုကို တန်ဖိုးထားသူ
အသိဥာဏ်ကို မြတ်နိုးသူ
ဒိုင်ယာနာကို ရင်ခုန်သူ
ဘာသာတရားကို
အလေးအနက် ရှိသူ. . .
တစ်ခါ  တစ်ခါ
လမ်းသရဲတစ်ယောက်လို စကားပြောတယ်။
တစ်ခါ  တစ်ခါ
ပါမောက္ခတစ်ယောက်လို ကြည့်တယ်။
တစ်ခါ  တစ်ခါ
သာမန်လူတစ်ယောက်လို နေတယ်။
အဲဒီသူဟာ
မြေကြီးပေါ်က မတော်တဆမှုတွေအတွက်
အနုပညာနဲ့  အရေးဆိုဖို့
ရောက်ရှိလာခဲ့ပြီ။          ။
ဝေမှုးသွင်
ကျွန်တော် အကြိုက်ဆုံး စာရေးဆရာတွေထဲမှာ ဆရာ သစ္စာနီ က အကြိုက်ဆုံးပါ….
ဒါကြောင့် ဒီ ကဗျာ လေး ကိုလည်း ခံစားလို.ရပါတယ်….နောက်ဆို ဆရာ သစ္စာနီ ရဲ. စာတွေ တင်ပေးပါ့မယ်….